ကိုယ်ပိုင်သံစဉ် သီချင်းသစ်များ
"လူလူချင်း" သီချင်းအယ်ဘမ် Youtube Playlist
ထွက်ရှိပြီး Songs Album များ
ကိုယ်ပိုင်သံစဉ်သီချင်းများထဲမှ အကောင်းဆုံး ပုံဖော်ရေးသားခဲ့ပြီး Heroes Music အဖွဲ့သားများ၏ ကြိုးစားဖန်တီးခဲ့သော စီးရီးအယ်ဘမ် တစ်ခုဖြစ်သည်။
တေးရေးတေးဆို ကိုစံ ၏ ပထမဦးဆုံးသော ထွက်ရှိခဲ့သော သီချင်းအယ်ဘမ် ဖြစ်သည့် "သီချင်းပန်းချီ" စီးရီးကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။
Released album: 2021
သီချင်းများထဲတွင် စီးမျောခံစားရင်း နားဆင်လိုက်တိုင်း အနှစ်သာရများစွာဖြင့် အမှတ်ရစေမည့် သီချင်းကောင်းများဖြင့် ရေးသားဖော်ကြူး ပုံဆောင်ခဲ့သော သီချင်းများ..
စကားလုံးများ
ကိုယ်တိုင်ဖန်တီးရတဲ့ သီချင်းတွေမှာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ခန့်မှန်းဖို့ကတော့ ခက်ပါတယ်၊ သို့သော် သေခြာတာကတော့ ကိုယ်တိုင်က အကောင်းဆုံး အားစိုက်ဖို့တော့ လိုနေမှာပါပဲ
ဂီတအပေါ် ရူးသွပ်မှုကတော့ ရှိကြတာပါပဲ သို့သော် ဂစ်တာနဲ့ သီချင်းတီးတာ၊ လက်ကစားခြင်ရင် တခြားမှာသာ သွားကစား ဂစ်တာပေါ်မှာတော့ မလေးမစားနဲ့ မဟုတ်တာ လက်လာကစားလို့ မရနိုင်ဘူး
တီးခတ်ပုံဖော်ရတဲ့ သီချင်းတွေမှာ ခံစားချက်အတိုင်း အကောင်းဆုံး ပုံဖော်ရတယ်ဆိုသော်လည်း အတိုင်းအတာတော့ ရှိပါတယ်၊ စည်းလွတ်ဘောင်လွတ် လုပ်ချင်တိုင်းလုပ်ဖို့ ဆိုတာမျိုးတော့ မဖြစ်စေခြင်ဘူး
သီချင်းများဖန်တီးတဲ့နေရာမှာ မှတ်သားစရာဖြစ်ဖြစ် အသိအမှတ်ပြုစရာ ရှိတာဖြစ်ဖြစ် လေးစားသင့်တဲ့အချက်တွေ ပါလာပြီဆိုရင်တော့ ဖန်တီးတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ထိုက်တန်တဲ့ လေးစားမှုကို ပေးရမှာပဲ
အနုပညာဖန်တီးခြင်းမှာ ပန်းချီဆွဲခြင်းနဲ့ အတူဆက်တွဲ ပေါက်ဖွားလာတဲ့ သွေးသားထဲက စာသားသံစဉ်များကို သီချင်းများအဖြစ် ကိုယ်စွမ်းနိုင်သလောက် ကြိုးစား အံထွက်ပုံဖော် ဖန်တီးခဲတာပါ